မင်းဘူး ဒီဇင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ မြို့နယ်အဆင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား၊ ကျောင်းသူများအတွက် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
ထိုသို့ကျင်းပရာတွင် မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကဗျာပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၁၇ ဦး၊ စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၁၈ ဦး၊ ကျပန်းစကားပြောပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ကာ စုစုပေါင်း ၄၁ ဦးသည် လွတ်လပ်ရေး၏ အသီးအပွင့်များခေါင်စဉ်ဖြင့် ယှဉ်ပြိုင်သွားရမှာဖြစ်သည်။
ဆက်လက်ပြီး မြို့နယ်အဆင့်ပြိုင်ပွဲတွင် ပြိုင်ပွဲတစ်ခုစီအတွက် ဆုများကို ပထမ၊ ဒုတိယ၊ တတိယ သုံးဦးပေးထားသော်လည်း ခရိုင်အဆင့်သို့ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် ပြိုင်ပွဲတစ်မျိုးစီမှ မထမနှင့် ဒုတိယရရှိသူနှစ်ဦးသာ ရွေးချယ်ခံရမှာဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်သွယ်သွယ်က ပြောသည်။
ဇေယျာထက်(မင်းဘူး)