ငွေဆောင်မြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး( ၅) ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲ ကျင်းပ

ငွေဆောင် ဒီဇင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ယမန်နေ့က အမှတ်()ရပ်ကွက်၊ မြို့ဦးစေတီဓမ္မာရုံနှင့် သဇင်ကျေးရွာအုပ်စု၊ အ..က(ခွဲ) သဇင်ကျောင်း၌ ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်()နှင့် အတွင်းရေးမှူး ဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ငွေဆောင်မြို့ အုပ်ချုပ်ရေးမှူးနှင့် မြို့အဆင့် ဌာနဆိုင်ရာ အကြီးအကဲများမှ စစ်ကြောင်းကြီး ()ကြောင်းအသွင်ဖြင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နေ့လည် (၁၃း၃၀)တွင် အမှတ်() ရပ်ကွက်၊ မြို့ဦးစေတီ ဓမ္မာရုံ၌ ဒေသခံပြည် သူများနှင့် တွေ့ဆုံခဲ့ရာ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာ/ဆယ်အိမ်မှူးများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၁၂၀)ဦး တက်ရောက်ခဲ့ပြီး ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ ယာဥ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ ကိစ္စရပ်များ၊ စိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခြင်း၊ ဌာနဆိုင်ရာများမှ မိမိတို့၏ဌာနအလိုက် လုပ်ငန်းဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခြင်း၊ တက်ရောက်လာသော ပြည်သူများမှ ဒေသ၏ လိုအပ်ချက်များအား တင်ပြခြင်းနှင့် သက်ဆိုင်ရာဌာနများမှ ပြန်လည်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်သော ဌာနဆိုင်ရာအဖွဲ့သည် ညနေ (၁၅း၁၅) အချိန်တွင် သဇင်ကျေးရွာ အုပ်စုရှိ အ..က(ခွဲ) သဇင်ကျောင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာ သဇင်အုပ်ချုပ်ရေးမှူးနှင့် ရာ/ဆယ် အိမ်မှူးများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၇၅)ဦးခန့် တက်ရောက်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။ တက်ရောက်လာသော ဒေသခံပြည်သူများမှလည်း ဒေသ၏ လိုအပ်ချက်များအား တင်ပြခဲ့ကြရာ သက်ဆိုင်ရာဌာနများမှ ပြန်လှန်ဆွေးနွေး ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်