တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် (တတိယအပတ်) စုပေါင်းလမ်းလျှောက်ပွဲများကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၆

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ်ဒီဇင်ဘာလအား လူထုအားကစားလအဖြစ် သတ်မှတ်ပြီး စုပေါင်းလမ်းလျှောက်ပွဲများကို ယနေ့ နံနက် ၆ နာရီမှစ၍ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့များတွင် သက်ဆိုင်ရာစုရပ်များတွင် ကျင်းပလျက်ရှိသည်။

အဆိုပါ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲများကို ကရင်ပြည်နယ်ရှိ လှိုင်းဘွဲမြို့တွင်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ စစ်ကိုင်းမြို့တွင်လည်းကောင်း၊  တနင်္သာရီတိုင်းဒေသကြီးရှိ မြိတ်မြို့၊ ထားဝယ်မြို့တို့တွင်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဇီးကုန်းမြို့၊ မိုးညိုမြို့၊ သဲကုန်းမြို့၊ ရွှေတောင်မြို့၊ လက်ပံတန်းမြို့၊ သာယာဝတီမြို့၊ ပန်းတောင်းမြို့၊ နတ်တလင်းမြို့၊ ပေါင်းတည်မြို့၊ ပြည်မြို့၊ ဖြူးမြို့၊ တောင်ငူမြို့၊ ကြို့ပင်ကောက်မြို့တို့တွင်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးရှိ သရက်မြို့၊ မင်းလှမြို့၊ မင်းတုန်းမြို့၊ စေတုတ္တရာမြို့၊ နတ်မောက်မြို့၊  ဆင်ပေါင်ဝဲမြို့၊ ပွင့်ဖြူမြို့၊ ငဖဲမြို့၊ အောင်လံမြို့၊ ချောက်မြို့၊ တောင်တွင်းကြီးမြို့၊ မကွေးမြို့၊ ဇလွန်မြို့၊ ကံမမြို့၊ မင်းဘူးမြို့တို့တွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးရှိ ပျော်ဘွယ်မြို့၊ ကျောက်ဆည်မြို့၊ ပြင်ဦးလွင်မြို့၊ မိတ္ထီလာမြို့တို့တွင်လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ဥတ္တရသီရိမြို့၊ တပ်ကုန်းမြို့၊ လယ်ဝေးမြို့တို့တွင်လည်းကောင်း၊ မွန်ပြည်နယ်ရှိ သထုံမြို့တွင်လည်းကောင်း၊ ရခိုင်ပြည်နယ်ရှိ သံတွဲမြို့တို့တွင်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးရှိ ဗဟန်းမြို့၊ တာမွေမြို့၊ မင်္ဂလာတောင်ညွန့်မြို့၊ ပုဇွန်တောင်မြို့၊ လှည်းကူးမြို့၊ အင်းစိန်မြို့၊ အလုံမြို့၊ စမ်းချောင်းမြို့၊ မရမ်းကုန်းမြို့၊ လသာမြို့၊ ဒဂုံမြို့၊ ရွှေပြည်သာမြို့၊ လမ်းမတော်မြို့၊ ဒလမြို့တို့တွင်လည်းကောင်း၊ ရှမ်းပြည်နယ်ရှိ လွိုင်လင်မြို့၊ ဟိုပုံးမြို့၊ မိုင်းယန်းမြို့၊ မိုင်းယုမြို့၊ မိုင်းပျဉ်းမြို့၊ မိုင်းခတ်မြို့၊ ဆီဆိုင်မြို့၊ မိုင်းတုံမြို့၊ မိုင်းကိုင်မြို့၊ မောက်မယ်မြို့၊ တာချီလိတ်မြို့၊ မိုင်းဆတ်မြို့၊ မိုင်းရှူးမြို့၊ မက်မန်းမြို့၊ ညောင်ရွှေမြို့၊ မိုင်းစံမြို့၊ ကလောမြို့၊ ကျိုင်းတုံမြို့၊ မိုင်းဖြတ်မြို့တို့တွင်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးရှိ ကျိုက်လတ်မြို့၊ ဘိုကလေးမြို့၊ ဟင်္သာတမြို့၊ မော်လမြိုင်ကျွန်းမြို့၊ ဓနုဖြူမြို့၊ ညောင်တုန်းမြို့၊ ဒေးဒရဲမြို့၊ မြောင်းမြမြို့၊ ပင်းတယမြို့၊ အိမ်မဲမြို့၊ ကျောင်းကုန်းမြို့၊ ကန်ကြီးထောင့်မြို့၊ ကျုံပျော်မြို့၊ ကြံခင်းမြို့၊ မြန်အောင်မြို့၊ အင်္ဂပူမြို့၊ လပွတ္တာမြို့၊ ဖျာပုံမြို့၊ ရေကြည်မြို့တို့တွင်လည်းကောင်း အသီးသီးကျင်းပခဲ့ကြသည်။

ရှေးဦစွာ အဆိုပါစုပေါင်းလမ်းလျှောက်သူများသည် သက်ဆိုင်ရာစုရပ်များမှတစ်ဆင့် တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများကိုလည်း ပျော်ရွှင်စွာ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း၊ စုပေါင်းလမ်းလျှောက်သူများအား ဌာနဆိုင်ရာများ၊ အလှူရှင် များကလည်း နံနက်စာ ကောက်ညှင်းပေါင်း၊ လက်ဖက်ရည်၊ ကော်ဖီ၊ အားဖြည့်အချိုရည် အစရှိသည့်မုန့်များဖြင့် ကျွေးမွေးခဲ့ကြကြောင်း၊ စုပေါင်းလမ်းလျှောက်ခြင်းကို သက်ဆိုင်ရာခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တစ်ပျော်တစ်ပါး ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

အမြို့မြို့အနယ်နယ်သတင်းများ