အမာ ဒီဇင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် (Mobile)ဖုန်းဖြင့် သတင်းဗီဒီယိုရိုက်ကူးတည်းဖြတ်နည်းသင်တန်းကို ယမန်နေ့နံနက် (၁၁)နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး နော်လေးလီယန်က “ယခုကဲ့သို့ သင်တန်းပြုလုပ်ခြင်းဖြင့် မိမိတို့ ရုံးဌာနများမှာ ပြုလုပ်သည့် အခမ်းအနားများ၊ သင်တန်းများ၊ ပြိုင်ပွဲများ၊ Talk Show များကို မိမိတို့ကိုယ်တိုင် ရေးသားရိုက်ကူးနိုင်ပြီး သတင်းပေးပို့နိုင်ရန်၊ မိမိတို့ဌာနလုပ်ငန်းဆောင်ရွက်နေမှုများနှင့် နယ်မြေသတင်းများကို ပြည်သူများ သိရှိလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သဖြင့် ဝန်ထမ်းအားလုံး ကြိုးစားသင်ယူရန်လိုအပ်ကြောင်း” ပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းတွင် သတင်းရေးသားရာတွင် လိုက်နာရမည့်အချက်များ၊ သတင်းတစ်ပုဒ်တွင် ပါရှိရမည့်အခြေခံအချက်များ၊ သတင်းရေးသားရိုက်ကူးရာတွင် ဂရုစိုက်ရမည့်ကျင့်ဝတ်များ၊ ဆောင်ရန်ရှောင်ရန်များ၊ သတင်းဗီဒီယိုရိုက်ကူးရာတွင် လိုအပ်သည့်အချက်များ၊ သတင်းတည်းဖြတ်ရာတွင် ဆောင်ရွက်ရမည့် အခြေခံတည်းဖြတ်နည်းများကို သင်ကြားပေးခဲ့ပြီး သင်တန်းကို (၁)ရက်တာ သင်ကြားပေးခဲ့ကြောင်း သိရသည်။
အမာ(ပြန်/ဆက်)