မင်းတုန်း ဒီဇင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီက ပုံတူပန်းချီပြိုင်ပွဲနှင့်စာလုံးပေါင်းသတ်ပုံအမှန်ရွေးပြိုင်ပွဲ ကျင်းပခဲ့သည်။
အဆိုပါ ပြိုင်ပွဲသို့ အမှတ်(၄)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၃၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ ဆုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)