ကန့်ဘလူ ဒီဇင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားမှုဖြင့် ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဥ်(၃/၂၀၂၃)ဆင်းပွဲကို ဒီဇင်ဘာ ၁၅ ရက် မွန်းလွဲ ၂ နာရီက အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ကြားပေးခဲ့သော အခြေခံနည်းပညာများကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ရန် ဆက်လက်လေ့လာသင်ယူဖို့လိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို သင်တန်းကာလ တစ်လကြာဖွင့်လှစ်၍ ရုံးစာ၊ ဖိတ်စာ၊ အထွေထွေသိမှတ်စရာများ၊ Internet e-mail အသုံးပြုနည်း စသည့် ဘာသာရပ်များကို သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ ၁၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)