ရေကြည်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရန် နယ်လှည့် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရေကြည် ဒီဇင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရန် ပြန်ကြားရေးနှင့်ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉း၀၀) နာရီအချိန်က အ.မ.က(ရုံးကွက်သစ်)၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် အ.မ.က(ရုံးကွက်သစ်)ကျောင်းအုပ်ဆရာကြီး ဦးအောင်စိုးမြင့်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိုးစီစီအောင်က စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ စာဖတ်ခြင်းဖြင့် အသိပညာ ဗဟုသုတများစွာရရှိကြောင်း၊ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ကြောင်း၊ လူတော်ရုံမက လူကောင်းတစ်ဦးဖြစ်စေရန်လိုအပ်ကြောင်း သို့မှသာ အနာဂတ်နိုင်ငံတော်အတွက် အားထားရသည့် သားကောင်းသမီးကောင်းများ ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော ကလေးအလုပ်သမား ပပျောက်ရေး၊ မူးယစ်အန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရူ့လေ့လာခဲ့ကြကြောင်း သိရှိရသည်။

ရေကြည် (ပြန်/ဆက်)