(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ​​စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်​ရေး​ အစည်းအ​ဝေး ကျင်းပ

​ရွှေဘို ဒီဇင်ဘာ ၁၅

စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုခရိုင် ​ရွှေဘိုမြို့တွင် (၇၆)နှစ်​မြောက် လွတ်လပ်​ရေး​​နေ့ အခမ်းအနားများ​ အောင်မြင်စွာကျင်းပနိုင်​ရေး လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယ​နေ့နံနက် ၁၀ နာရီအချိန် မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမတွင် ကျင်းပခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ဇော်မျိုးဝင်းက ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်​နေ့တွင် ကြ​ရောက်မည့် (၇၆)နှစ်​မြောက်လွတ်​ရေး​နေ့ အထိမ်းအမှတ်အကြို ပြိုင်ပွဲများ ကျင်းပနိုင်​ရေး၊​ ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်း​ပြောကြားခဲ့သည်။

ထို့နောက် တက်​ရောက်လာ​သော ​ကော်မတီအဖွဲ့ဝင်များမှ မိမိတို့ဌာနအလိုက် ​ဆောင်ရွက်မည့် ပြိုင်ပွဲများ၊ အစီအမံများကို ​ပြန်လည်​ဆွေး​နွေးတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်း ​ဆောင်ရွက်​ပေးခဲ့​​ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်