ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ မြို့နယ်အဆင့်စာစီစာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ကန်ကြီးထောင့် ဒီဇင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ မြို့နယ်အဆင့်စာစီစာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီခွဲအချိန်က အ.ထ.က ကန်ကြီးထောင့်၊ အမျိုးသားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးလှမြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူ ဒေါ်တင်မေသန်းက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ ပြိုင်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်သန်းစိုးက ပြိုင်ပွဲ၏ အမှတ်ပေးစည်းမျဉ်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျပန်းစကား‌ပြောပြိုင်ပွဲအား ကန်ကြီးထောင့်မြို့နယ်အတွင်း အထက်တန်းကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ အခမ်းအနားသို့ မြို့နယ်ပညာရေးမှူး ဒေါ်တင်မေသန်းနှင့် မြို့နယ်အတွင်းရှိ အထက်တန်း ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)