သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဆောင်းနေကြာစံပြ (၅) ဧက စိုက်ပျိုးနေမှုအား ကြည့်ရှုစစ်ဆေး

သာပေါင်း ဒီဇင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ယနေ့ နံနက် ၁၁ နာရီအချိန်က သဲဖြူကျေးရွာအုပ်စု၊ သံလျှက်စွန်းကျေးရွာတွင် ဆောင်းနေကြာစံပြ (၅) ဧက စိုက်ပျိုးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သဲဖြူကျေးရွာအုပ်စု၊ သံလျှက်စွန်းကျေးရွာတွင် ဆောင်းနေကြာစံပြ (၅) ဧကအား မြေပြုပြင်ခြင်း၊ ရေဖျန်းဆောင်ရွက်ခြင်းတို့ကို ကြည့်ရှုစစ်ဆေးပြီး အပင်ဖြစ်ထွန်းမှု မျက်ခြေမပြတ်စောင့်ကြည့်ရန်၊ သတ်မှတ်ကာလအတွင်း ရေဖျန်း၊ မြေသြဇာကြဲပက်၊ ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်