(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟင်္သာတမြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်

ဟင်္သာတ ဒီဇင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းတွင် ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြိုင်ပွဲများတွင် စာစီစာကုံးပြိုင်ပွဲအား အထက်တန်းအဆင့် ကျောင်းသား/သူ(၁၁)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/သူ(၂၇)ဦး၊ မူလတန်းအဆင့် ကျောင်းသား/သူ(၂၃)ဦးတို့မှ “လွတ်လပ်ရေးနေ့မြတ်ကျွန်ုပ်တို့မမေ့အပ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲကို အထက်တန်းအဆင့် ကျောင်းသား/သူ(၈)ဦးတို့မှ “လွတ်လပ်ရေးအောင်ပွဲတို့ဆင်နွှဲ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျပန်းစကားပြောပြိုင်ပွဲကို “လွတ်လပ်ရေးနေ့မြတ် ကျွန်ုပ်တို့မမေ့အပ်”၊ “အစဉ်မမေ့လွတ်လပ်ရေးနေ့”၊ “လွတ်လပ်ရေးနေ့နှင့် ကျွန်ုပ်”၊ “လွတ်လပ်ရေးနေ့”၊ လွတ်လပ်ရေးအောင်ပွဲတို့ဆင်နွှဲ” ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့် ကျောင်းသား/သူ(၄)ဦးတို့မှ လည်းကောင်း အသီးသီးဝင်ရောက် ဖြေဆိုယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)