အိမ်မွေးတိုင်းရင်းကြက်များ စီးပွားဖြစ်တိုးချဲ့မွေးမြူခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

လိပ်သို  ဒီဇင်ဘာ  ၁၅

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ အိမ်မွေးတိုင်းရင်းကြက်များကို မိရိုးဖလာပုံစံဖြင့် စားသုံးရန်၊ လက်ဆောင်ပေးရန်၊ ရိုးရာပွဲများတွင် အသုံးပြုရန်အတွက် တနိုင်တပိုင်မွေးမြူလာခဲ့ကြရာမှ ယခုအခါ မိသားစုဝင်ငွေတိုးပွားရရှိရန် စနစ်တကျ တိုးချဲ့မွေးမြူလာကြကြောင်း သိရသည်။

အိမ်မွေးတိုင်းရင်းကြက်များကို တိုးချဲ့မွေးမြူကြရာတွင် ယခင်က ကြက်များ အနာရောဂါကျရောက်ပါက ဆုံးရှုံးနစ်နာမှုများ ရှိခဲ့ကြသော်လည်း ယခုအခါတွင် စနစ်တကျ မွေးမြူလာကြခြင်း၊ ကြက်နာရောဂါများကို ကြိုတင်ကာကွယ်နိုင်ရန် နည်းစနစ်များနှင့် ကာကွယ် ဆေးများကို စနစ်တကျ သုံးစွဲတတ်လာကြပြီဖြစ်၍ ရောဂါဖြစ်ပွားမှု နည်းပါးလာကာ အကျိုးအမြတ်များ တိုးပွားရရှိနေပြီ ဖြစ်ကြောင်း သိရသည်။

အိမ်မွေးတိုင်းရင်းကြက်ဈေးနှုန်းမှာလည်း တစ်ပိဿာကို (၁၃၀၀ဝိ/-)ကျပ်အထိ ရရှိလာပြီဖြစ်၍ အိမ်ခြံဝန်းနှင့် ဥယျာဉ်ခြံများတွင် စီးပွားဖြစ်တိုးချဲ့မွေးမြူလာခဲ့ကြရာ အောင်မြင်မှုများရရှိပြီး ကြက်များကို တစ်ကောင်ရောင်းလျှင် (၁၅၀၀ဝိ/-) ကျပ်မှ(၂၀၀၀ဝိ/-) ကျပ်အထိ ဝင်ငွေများ တိုးပွားရရှိလာကြောင်း တိုင်းရင်းအိမ်မွေးကြက် စီးပွားဖြစ်မွေးမြူသူ တစ်ဦးထံမှ သိရသည်။

ခင်လေးနွယ် (လိပ်သို)