ရေတာရှည် ဒီဇင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ဥာဏ် ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယနေ့နံနက် (၁၀) နာရီအချိန်က ဖိုးကြာညိုကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းသို့ Mobile Library ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သော်ဇင်အောင်က စာအုပ်စာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကိုယ်ကာယဉာဏစွမ်းရည်များဖွံ့ဖြိုးစေရန်၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများရရှိစေရန်ရည်ရွယ်ကာ ရုပ်ပုံပြစာအုပ်နှင့် စက္ကူပြဇာတ်များဖြင့် ပုံပြောပြခြင်း၊ ကဗျာရွတ်၍ ကိုယ်လက်လှုပ်ရှားဆောင်ရွက်မှုများအား ကျောင်းသား၊ ကျောင်းသူများနှင့် အတူတကွပြုလုပ်ခဲ့ကြသည်။
ထို့နောက် ကလေးငယ်များ စာဖတ်သည့် အလေ့အထများရရှိစေရန် စာဖတ်ဝိုင်းနှင့် ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်အသိ ပညာပေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး၊ သက်ငယ်မုဒိမ်းကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)