ခင်ဦး အောက်တိုဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ တွင် အသုံးပြုမည့် မဲရုံများ မီးဘေးလုံခြုံရေးနှင့် မီးရရှိရေးအတွက် ယမန်နေ့ က မြို့နယ် လျှပ်စစ် အင်ဂျင်နီယာ ဦးဇင်မင်းဝင်း၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးကျော်သူခနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မဲရုံများတွင် အသုံးပြုမည့် မီးသတ်ဆေးဘူးများ ကောင်းမွန်မှုရှိ၊ မရှိ စစ်ဆေးခြင်း၊ မီးဘေး အန္တရာယ် ကင်းရှင်းရေအတွက် လျှပ်မီးကြိုးများ ကောင်းမွန်ခြင်းရှိ၊ မရှိ စစ်ဆေးခြင်း၊ မဲရုံများတွင် လျှပ်စစ်မီး လုံလောက် စွာရရှိရေးနှင့် အရန်မီးစက်များထားရှိရန် ဆောင်ရွက် ခြင်း၊ မီးမရရှိသော မဲရုံများတွင် ဆိုလာမီးများ၊ မီးစက်များ ဆောင်ရွက် နိုင်ရန် ကွင်းဆင်း စစ်ဆေးဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
စိုးဝေအောင်(ခင်ဦး)