စုကလိ အောက်တိုဘာ ၂၆
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ မီးဘေးအန္တရာယ် ကင်းရှင်းစွာ ဆန္ဒမဲပေးနိုင်ရန်နှင့် မဲရုံများ မီးဘေးအန္တရာယ်ကင်းဝေးစေရန် အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ရှိ မဲရုံများအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် စုကလိမြို့ မီးသတ်တပ်ဖွဲ့မှ ဒုတပ်ကြပ်ဝင်းဇော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မဲရုံနှင့် မဲရုံပတ်ဝန်းကျင်ရှိ အဆောက်အအုံများ၊ လူနေအိမ်များတွင် မီးသုံးစွဲမှုအခြေအနေစစ်ဆေးခြင်း၊ မဲရုံအတွင်း မီးဘေးအန္တရာယ်ကာကွယ်ရန် မီးသတ်ဆေးဘူးထားရှိမှုအခြေအနေနှင့် မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြိမ်းသတ်နည်းစနစ်များကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇော်နိုင်လင်း(ပြန်/ဆက်)