ရေတာရှည် ဒီဇင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက အမှတ်(၁)ရပ်ကွက်အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ကျောင်းအုပ်ဆရာကြီး ဦးလှသန်းက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်သော်ဇင်အောင်က စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့်မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများကိုဟောပြောခဲ့သည်။ ကျောင်းသား/သူများအနေအဖြင့် ပညာကိုကြိုးစားသင်ယူစေလိုကြောင်း၊ ဒါ့အပြင် နိုင်ငံ၏အနာဂတ်များကိုပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် ကျောင်းသား/သူများအနေဖြင့် အသိဉာဏ်ပညာဗဟုသုတပြည့်စုံပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်ပြီး ကျင်းပပေးခြင်းဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များနှင့်ပတ်သက်သည့် ဗဟုသုတရရှိစေမည့် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ကျောင်းသား/သူများ၊ ဆရာ/မများက စိတ်ဝင်တစားကြည့်ရှုလေ့လာကြကြောင်း သိရသည်။
ရေတာရှည်(ပြန်/ဆက်)