မအူပင် ဒီဇင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ (၂) နာရီက ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းနာယက ဆရာကြီးဦးပိုက်မှ အဖွင့်အမှာ စကားပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်သန္တာထွေးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ကြီးကျယ်စွာတွေးကြပါခေါင်းစဉ်ဖြင့်ဆွေးနွေးသည်။ ၎င်းနောက် ဆရာကြီးဦးစိုးမှ ကိုယ်ရည်ကိုယ်သွေး မြင့်မားရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာကြီးဦးဘိုထွေးမှ ကျောင်းဆရာဘဝအတွေ့အကြုံများ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များအား အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းသို့ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ အမျိုးသမီးများအသင်း (Woman Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး ပြသထားသည့်စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြ ကြောင်းသိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)