အောင်လံ ဒီဇင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြည်သူများအခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့နံနက် ၇ နာရီက မြိုနယ်စည်ပင်သာယာရေးအဖွဲ့ ရုံးရှေ့တွင် ရောင်းချပေးခဲ့သည်။
ထိုသို့ ရောင်းချပေးရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ အောင်လံမြို့နယ် ဆီကုန်သည်များအသင်းတို့က မြို့နယ်အတွင်းရှိ ပြည်သူများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်တစ်ပြည် (၂၅၀၀)နှုန်းဖြင့် အိတ်(၂၀)၊ စားသုံးဆီတစ်ပိဿာ (၅၃၀၀)နှုန်းဖြင့် (၅၅၀)ပိဿာ၊ ကြက်ဥဆယ်လုံး (၂၀၀၀)နှုန်းဖြင့် (၉၀၀)လုံး၊ ကြက်သားတစ်ပိဿာ (၁၀၀၀၀)နှုန်းဖြင့် (၂၅)ပိဿာ၊ ဝက်သားတစ်ပိဿာ (၁၀၀၀၀)နှုန်းဖြင့် (၉)ပိဿာ၊ ဆိတ်သားတစ်ပိဿာ (၁၆၀၀၀)ကျပ်နှုန်းဖြင့် (၃)ပိဿာ စသည့် အခြေခံစားကုန်များကို သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ကြာသပတေးနေ့တိုင်း စဉ်ဆက်မပျက်ရောင်းချပေးခဲ့ရာ ယနေ့စုစုပေါင်းရောင်းချတန်ဖိုးငွေ ကျပ်(၅၂၆၁၀၀၀/-) (ကျပ်ငါးဆယ့်နှစ်သိန်းခြောက်သောင်းတစ်ထောင်တိတိ)ဖြစ်ကြောင်း သိရသည်။
အောင်လံ(ပြန်/ဆက်)