နတ်မောက် ဒီဇင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်၍ ၂၄ နာရီ Helpline ဝန်ဆောင်မှု အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံးရှေ့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ၂၄ နာရီ Helpline ဝန်ဆောင်မှု အသိပညာပေး လက်ကမ်းစာစောင်တွင် ပဋိပက္ခဖြစ်စဉ်အတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လက်နက်ကိုင်ပဋိပက္ခတွင် ကလေးသူငယ်များ သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ အိမ်တွင်းအကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှု၊ ကျား/မအခြေပြုအကြမ်းဖက်မှု၊ ကလေးသူငယ်၊ မသန်စွမ်း၊ သက်ကြီးရွယ်အိုကိစ္စရပ်များနှင့်ပတ်သက်၍ အကူအညီတစ်စုံတစ်ရာလိုအပ်ပါက တိုင်ကြားနိုင်ရေးအတွက် Helpline နံပါတ်များအပြင် တိုင်ကြားမှုများအား ဥပဒေအရစိစစ်အရေးယူ ဆောင်ရွက်နိုင်ရေး အကူအညီပေးသွားမည် စသည့်တို့ကို အရောင်အသွေးစုံလင်စွာ ဝေဝေဆာဆာ ဖော်ပြထားသည့် အသိပညာပေးလက်ကမ်းစာစောင်များအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လတ်လတ်ဆွေနှင့် အဖွဲ့ဝင်များက လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှဝင်း