မြို့သစ် ဒီဇင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်း ၂၀၂၃ ခုနှစ်အတွက် စိုက်ပျိုးထားသည့် မိုးစပါးများရိတ်သိမ်းနေပြီဖြစ်သည်။
မြို့သစ်မြို့နယ်တွင် မိုးစပါး(၆၄၁၁၂)ဧကစိုက်ပျိုးခဲ့ပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ စုစုပေါင်းမိုးစပါးဧက(၅၀၀)ကျော် ရိတ်သိမ်းပြီးဖြစ်ကြောင်း တစ်ဧကအထွက်နှုန်းမှာ စက်ခြွေ အစိုထွက်(၇ဝ)ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။
မြို့သစ်မြို့နယ်၌ မိုးစပါးများကို ရိတ်သိမ်းခြွေလှေ့စက်များ အသုံးပြု၍ ရိတ်သိမ်းခြွေလှေ့နေကြပြီး စက်စွမ်းအားဖြင့် ဆောင်ရွက်သဖြင့် အချိန်ကုန်သက်သာကာ လူသက်သာပြီးလုပ်ငန်းတွင် ကျယ်လှသဖြင့်သီးနှံမျိုးစုံတို့ကို အချိန်ကိုက်ရာသီချိန်အမီ စိုက်ပျိုးနိုင်ကြောင်း၊ယခင်ကအသုံး ပြုသောမိရိုးဖလာ ကျွဲ၊ နွားများနေရာတွင် လယ်ယာသုံးစက်ရိယာများက အစားထိုးနေရာ ယူလာကြပြီဖြစ်ကြောင်း သိရသည်။
ယခင်နှစ်ကတောင်သူများမှာ စပါးဈေးနှုန်း ပိုမိုရရှိကြသော်လည်း လက်ရှိဈေးကွက်တွင် စပါးအဝယ်အေးနေသေးကြောင်း မြို့နယ်အတွင်း ရာနှုန်းပြည့် စပါးရိတ်သိမ်းပြီးပါက ဆန်ဈေး ကွက်ပေါ်မူတည်၍ ဈေးနှုန်းအတက်အကျရှိနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
သန်းဝင်းထွန်း(မြို့သစ်)