အောင်လံ ဒီဇင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် ပြလို့မြို့၌ အမျိုးသမီးများအား အကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ သက်ငယ်မုဒိန်းမှုများမှ ကာကွယ်စောင့်ရှောက်နိုင်ရေး အသိပညာပေးဟောပြောပွဲ ယမန်နေ့မွန်းလွဲ ၂ နာရီက ပြလို့မြို့၊ အမှတ်(၂) ရပ်ကွက်ရှိ ရှစ်မျက်နှာကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲကို အောင်လံခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ဟောပြောခဲ့ပြီး၊ ပြလို့မြို့ရှိ ကျောင်းသူလေးများနှင့်ကျေးလက်အတွင်းရှိ အမျိုးသမီးငယ်လေးများကို အမျိုးသမီးများအား အကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ သက်ငယ်မုဒိန်းမှုများမှ ကာကွယ်စောင့်ရှောက်နိုင်ရေး အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်လံ(ပြန်/ဆက်)