မြောင်းမြမြို့ အ.မ.က (လွန်) ကွယ်လွယ်ကွမ်းခြံကျောင်းတွင် ဟောပြောပွဲနှင့် ပြပွဲများ ပြုလုပ်

မြောင်းမြ ဒီဇင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အ.မ.က (လွန်) ကွယ်လွယ် ကွမ်းခြံကျောင်း၌ ကျောင်းသား/သူများ ကျောင်းစာအပြင် အခြားအထွေထွေဗဟုသုတနှင့် စာဖတ်သည့် အလေ့‌အထများ ရရှိစေရန် ရည်ရွယ်၍  ဟောပြောပွဲနှင့် နံရံစာစောင်၊ စာအုပ် စာစောင်ပြပွဲများကို ယနေ့နံနက် (၁၀:၃၀) နာရီအချိန်က ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ရှေးဦးစွာ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီအရာရှိ ဒေါ်ခင်ဝေဝေမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် “အောင်မြင်ခြင်း၏လျှို့ဝှက်ချက်” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ကျောင်းအုပ်ဆရာကြီး ဦးမင်းမင်းထွန်းမှ နိဂုံးချုပ် ကျေးဇူးတင်စကားပြောကြားခဲ့သည်။      

အဆိုပါ ဟောပြောပွဲတွင် ပြသထားသော နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ၊ ကျောင်းသား/သူများ စာဖတ်ရှိန် မြင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်း ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇေယျာ(ပြန်/ဆက်)