ကျောင်းကုန်း ဒီဇင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၊ အမှတ်(၄)ရပ်ကွက်၊ သုခကြွယ်ဖူ ဆယ်ဘောလုံးကွင်း၌ တောင်သူစိုက်ပျိုးရေး နည်းပညာဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အောင်ပြည့်ဟန်ကုမ္ပဏီမှ တစ်ဦးတည်းကိုယ်စားလှယ် ဦးအောင်လှိုင်ထွေး ကနှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပြီး၊ ဝိုင်အဂရို ကုမ္ပဏီမှ စိုက်ပျိုးရေးနည်းပညာရှင် ဦးခိုင်ထွန်း ကမတ်ပဲ၊ ပဲတီစိမ်းအထွက်တိုးနည်းပညာနှင့် အင်္ဂလန်နိုင်ငံထုတ် ပွင့်သီးတင်ဆေး "ဘိုလာ" အကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ အောင်ပြည့်ဟန်ကုမ္ပဏီ သုခကြွယ်စိုက်ပျိုးရေးဆေးဆိုင်၊ ဝိုင်အဂရိုစိုက်ပျိုးရေး နည်းပညာကုမ္ပဏီမတို့နှင့် အများဆုံးပူးပေါင်းဆောင်ရွက်ပေးသောတောင်သူ(၃) ဦးအား မေတ္တာလက်ဆောင်ချီးမြှင့်ပြီး၊ အခမ်းအနားတက်ရောက်လာသူများအား 4 Stroke ဆေးဖျန်းစက်(၁)လုံး၊ ပန့်(၂) လုံးပါ ဘက်ထရီဆေးဖျန်းပုံး(၂)လုံး၊ နှစ်မျိုးသုံးဘက်ထရီ ဆေးဖျန်းပုံး(၄)လုံး၊ ရိုးရိုးဆေးဖျန်းပုံး(၅) လုံး၊ ထွက်ဆုအင်္ကျီ အထည်(၂၀)နှင့်ဦး ထုပ်အလုံး(၃၀)တို့ ကို ကံစမ်းမဲများဖောက်ပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)