မုံရွာ ဒီဇင်ဘာ ၁၃
မုံရွာခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူး၍ ခရိုင်အဆင့် ဌာနဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့များနှင့်အတူ စိမ်းလန်းစိုပြည်သောကျောင်း အခြေခံစံနှုန်းနှင့် အညွှန်းကိန်းများဖြင့် ကိုက်ညီမှု ရှိ/မရှိ အဖွဲ့ဝင် ကိုယ်စားလှယ်များနှင့်အတူ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့နံနက် (၁၀)နာရီက မုံရွာမြို့ပေါ်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း အလုံတပ်မြို့နှင့် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ မုံရွာခရိုင် ပညာရေးမှူးက စိမ်းလန်းစိုပြည်သောကျောင်းဆု ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားပြီး ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများက အမှိုက်ခွဲခြားစွန့်ပစ်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးကာ ကျောင်းသား၊ ကျောင်းသူလေးများက လက်တွေ့ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါအဖွဲ့များသည် ကျောင်းဝင်းများအတွင်း စိုက်ပျိုးထားရှိသည့် စိမ်းလန်းစိုပြည်ရေး အခြေအနေများ၊ ကျောင်းသား၊ ကျောင်းသူလေးများ၏ လက်မှုပညာရပ်များ၊ သိပ္ပံပညာရပ်များ လက်တွေ့သင်ကြားနေမှု၊ ကျောင်းသင်ခန်းစာများ အေးချမ်းစွာ ပညာသင်ကြားနေမှု၊ ပရဆေးစိုက်ခင်းများ ဆောင်ရွက်ထားရှိမှု၊ သန့်ရှင်းရေး ဆောင်ရွက်နေမှုများ၊ စာကြည့်တိုက် ဆောင်ရွက်ထားရှိကာ လက်တွေ့အသုံးချနေမှု အခြေအနေများ၊ ကျောင်းမုန့်ဆိုင်ရောင်းချနေမှု အခြေအနေများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)