ပခုက္ကူမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လက်ကမ်းစာစောင်ပြုလုပ်နည်း သင်တန်းဖွင့်လှစ်ပို့ချ

ပခုက္ကူ ဒီဇင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က လက်ကမ်းစာစောင် ပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်ပို့ချသည်။

သင်တန်းဖွင့်ပွဲတွင် ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်က “ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားလာစေရန်၊ ရုံးလုပ်ငန်းများ ပိုမိုထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်၊ ပေးအပ်သည့်တာဝန်များအား ရုံးဝန်ထမ်းများ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး စသည့်သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအကြောင်းနှင့် သင်တန်းစည်းမျဉ်း စည်းကမ်းများ အကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူး သင်တန်းနည်းပြ ဦးမျိုးမြင့်အောင်က“ လက်ကမ်းစာစောင် ထုတ်ဝေရာတွင် လိုအပ်မည့်အချက်အလက်များ၊ အချက်အလက် ရှာဖွေစုဆောင်းနိုင်သည့် နည်းလမ်းများ၊ လက်ကမ်းစာစောင် အမျိုးအစားနှင့် အများအားဖြင့် ထုတ်ဝေလေ့ရှိသည့် လက်ကမ်းစာစောင်များ၊ အဆင့်အတန်းပြည့်မီသည့် လက်ကမ်းစာစောင်တစ်ခုဖြစ်ရေး ပြုလုပ်ဆောင်ရွက်ပုံ လုပ်ငန်းအဆင့်ဆင့်တို့ကို Microsoft Word နှင့် Page Maker အသုံးပြု၍ စာတွေ့၊ လက်တွေ့စနစ်တကျ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်မှ ၁၃ ရက်နေ့အထိ ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပခုက္ကူခရိုင်၊ ရေစကြိုနှင့် မြိုင်မြို့နယ်ရုံးမှ ဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။   

ဘာမီသာ(ပခုက္ကူ)