ကန့်ဘလူမြို့ ဆုကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

ကန့်ဘလူ ဒီဇင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ ဆုကိုယ်ပိုင်အထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆုကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရေး၊ နှုတ်မှုစွမ်းရည်များထက်မြက်မြက်ပြီး အပြန်အလှန် ဆွေးနွေးနိုင်စေရေးနှင့် အသိပညာဗဟုသုတများ တိုးပွားရရှိစေရေးတို့အတွက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီခွဲက ကျင်းပသည်။

လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဆုကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူ ဦးဟန်လင်းအောင်က မိတ်ဆက်စကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်နှင့် ဆုကိုယ်ပိုင်ကျောင်း တည်ထောင်သူ ဦးဟန်လင်းအောင်တို့က ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်၍ ဆုကိုယ်ပိုင်ကျောင်း Grade- 11 ကျောင်းသား၊ ကျောင်းသူများဖြစ်သော မောင်နေတိုးက လူငယ်နှင့်ပေါင်းသင်း ဆက်ဆံရေး၊ မသက်မွန်ထက်က လူငယ်နှင့် အနာဂတ်၊ မောင်ဟိန်းစွမ်းထက်က လူငယ်နှင့် အခွင့်အရေး၊ မရွှေရတီအေးက လူငယ်နှင့် မူးယစ်ဆေး၊ မဆုပြည့်ပြည်ကျော်က လူငယ်နှင့် ကျန်းမာရေး ခေါင်းစဥ်တို့ဖြင့် ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းချက်များကို ပြန်လည်ဆွေးနွေး ဖြေကြားသည်။

အဆိုပါလူငယ်စကားဝိုင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်၊ ဆုကိုယ်ပိုင်အထက်တန်းကျောင်းတည်ထောင်သူ ဦးဟန်လင်းအောင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ ၂၅၀ ဦးတက်ရောက်ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်များကို တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြ ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)