စလင်းမြို့နယ်တွင် ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက် ငှားရမ်းစနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်

စလင်း ဒီဇင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဌာနဆိုင်ရာဝန်ထမ်းများမှ စာကြည့်တိုက်သို့ မလာနိုင်သည့် စာဖတ်ပရိတ်သတ်များ ဗဟုသုတရရှိစေရန် အားလပ်ချိန်များ အကျိုးရှိစွာ အသုံးချတတ်စေရန် စာဖတ်ရှိန်မြှင့်တင်စေရန်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းငှားရမ်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သုတ၊ ရသ၊ မဂ္ဂဇင်းစုစုပေါင်း(၁၀၀)ကို သယ်ဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများစာဖတ်ပရိတ်သတ်များထံသို့ ရွေ့လျားစာကြည့်တိုက်အဖြစ် မော်တော်ဆိုင်ကယ်ဖြင့် ကွင်းဆင်းဆောင်ရွက်ကာ စာအုပ် စာစောင်များနှင့် သုတ၊ ရသမဂ္ဂဇင်းစာအုပ်နှင့် ပုံပြင်စာအုပ်များအပါအဝင် ဗဟုသုတရရှိစေမည့် စာအုပ်ကောင်းများကို ကွင်းဆင်းငှားရမ်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)