ကျုံပျော်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် Mask စနစ်တကျတပ်ဆင်သွားလာ‌ရေး စစ်ဆေးခြင်း ဆောင်ရွက်

 ကျုံပျော်  အောက်တိုဘာ  ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အပြင်ထွက်သွားလာသူများ၌ Mask စနစ်တကျတပ်ဆင်သွားလာ‌ရေး စစ်ဆေးခြင်းများကို အောက်တိုဘာ ၂၆ ရက်က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ကျန်းမာရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ဗိုလ်ချုပ်လမ်းနှင့် မြို့မဈေးရှေ့တို့တွင် သွားလာကြသူများအား Mask စနစ်တကျ တပ်ဆင်သွားလာကြရေးကို အသိပေးလှုံ့ဆော်ခြင်း၊ စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြ‌ကြောင်း သိရသည်။

Mask မပါရှိသူများကိုလည်းယခုဝယ် ယခုတပ် စနစ် ဆောင်ရွက်ပေးလျှက် ရှိကာ၊ ရောဂါကာကွယ်‌ရေး ပေါ့ဆမှုမရှိစေရန် အတွက်လည်း အသိပညာပေး လှုံ့ဆော်ခြင်းများကို မြို့နယ်အတွင်းရှိ ဒေသများအလိုက်ဆောင်ရွက်‌‌ပေးလျက်ရှိကြောင်း သိရသည်။

နေဝင်းမြင့် (ကျုံပျော်)