မကွေးခရိုင် မြို့သစ်မြို့နယ်၌ မဲရုံမှူးနှင့် ဒုတိယ မဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်း ပို့ချ

မြို့သစ်  အောက်တိုဘာ ၂၆

မကွေးခရိုင် ၊ မြို့သစ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ် မည့် ပါတီစုံဒီမိုကရေစီအထွေ​ထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံတွင် တာဝန် ထမ်းဆောင်မည့်မဲရုံမှူးနှင့် ဒုမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ  သင်တန်း ပို့ချခြင်း ကို ယမန်နေ့ နံနက်(၉)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာသင် ဆောင်တွင်  ကျင်းပပြု လုပ်ခဲ့သည်။

ရွေးကောက်ပွဲဆိုင်ရာသင်တန်းကို မဲရုံ (၁၆၉) ရုံမှ မဲရုံမှူးနှင့်ဒုမဲရုံမှူး သင်တန်းသား (၃၃၈)ဦး အား ကျန်းမာရေးနှင့်အားကစာဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ  အခန်း (၄)ခန်း(ခွဲ)၍  မြို့ နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ခွဲဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ အရာရှိ တို့မှ မဲရုံမှူး၊ ဒုတိယ မဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များ၏ လက်စွဲစာအုပ်ပါအချက်များ ၊ လုပ်ငန်း လမ်းညွှန်​ကြား ချက်များ စသည် တို့ကို ဆွေးနွေးပို့ချခဲ့သည်။

မြို့သစ်မြို့နယ်တွင် မဲရုံပေါင်း (၁၆၉) ရုံမှ မဲရုံမှူးနှင့်ဒုမဲရုံမှူး (၃၃၈)ဦးတို့အား အောက်တိုဘာ လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ (၃) ရက်ခွဲ၍ ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး မြို့သစ်တွင် ဆန္ဒမဲပေး ခွင့်ရှိသူ စုစုပေါင်း (၁၃၄၄၅၇)ဦးရှိကြောင်းသိရသည်။

သန်းဝင်ထွန်း ( ပြန် / ဆက် )