နတ်မောက်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ဆေးထိုး၊ ဆေးတိုက်ခြင်းဆောင်ရွက်

နတ်မောက်  အောက်တိုဘာ ၂၆                      

မကွေးတိုင်းဒေသကြီး ၊ မကွေးခရိုင် ၊ နတ်မောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ မိခင်နှင့် ကလေး ကျန်းမာရေးဌာနမှ   မြို့ပေါ်( ၇  )ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်လောင်းများ အား  အပတ်စဉ် ပုံမှန် ကာကွယ်ဆေးထိုး ခြင်း ၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ( ၈ ) နာရီခန့်က ထိုးနှံ၊တိုက်ကျွေးခဲ့ကြောင်းသိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ /တိုက်ကျွေးရာတွင်  ကိုယ်ဝန်ဆောင်မိခင်လောင်းများ အတွက် ဆုံဆို့ ၊ မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်း ၊  ကိုယ်ဝန်ဆောင်အားဆေး ( PRENATAL  TABLET )၊   သန်ချဆေး ( MEZON )၊ ဗီတာမင်အားဆေး ( BEVIT )ဆေးများအားတိုက်ကျွေးခြင်းနှင့် HIV ကာလသား ရောဂါပိုးစစ်ဆေးပေးခြင်း ၊ သွေးအားနည်းရောဂါစစ်ဆေးခြင်း ၊ ကိုယ်ဝန်ဆောင်ငှက်ဖျားရောဂါပိုးစစ် ဆေးခြင်း ၊ သွေးစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ တာဝန်ရှိသူများက လူမှုရေး အဖွဲ့ အစည်းများနှင့်ပူးပေါင်း၍ ကိုယ်ဝန်ဆောင်မိခင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်  ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း (Mask) များတပ်ဆင်လာစေရေး ၊ လူစုလူဝေးမဖြစ်စေရေးတို့ကို စီမံဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

သင်းသင်းဝေ (နတ်မောက် )