တောင်တွင်းကြီး အောက်တိုဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ CBFQများ၌ Quarantine ထားရှိသူ (၉၁)ဦးအားအာခေါင်နှင့်နှာခေါင်းတို့ပတ်(Swab)နမူနာများရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၊ ရန်ကုန်(NHL)သို့ ၂၃-၁၀-၂၀၂၀ ရက်နေ့က ပို့ဆောင်စစ်ဆေးရာ အမျိုးသား(၁၀)ဦးနှင့် အမျိုးသမီး(၂၃)ဦး စုစုပေါင်း(၃၃)ဦး တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။
၎င်းတို့မှာ အ-ထ-က(၁) FQ မှ (၇)ဦး၊ ညောင်ပင်လှ FQ မှ (၂)ဦး၊ ရေတွင်းကောင်း FQ မှ (၁၃)ဦး၊ ပျားတု(န) FQ မှ (၅)ဦး၊ သစ်ဆိမ့်စု FQ မှ (၄)ဦး၊ ပျဉ်းချောင်း FQ မှ (၂)ဦးတို့ဖြစ်ပြီး ရန်ကုန်ပြန်များဖြစ်ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် ယနေ့အထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ (၆၀)ဦး ရှိပြီဖြစ် ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)