တနင်္သာရီ အောက်တိုဘာ ၂၆
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း မဲရုံအသီးသီးတွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ အဖြစ်တာဝန်ယူကြမည့် ပညာရေးဌာန ဆရာ/ဆရာမများအား နယ်မြေ(၆)အထက-မောတောင်မြို့ကျောင်းအတွင်း ယမန်နေ့ နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ မဲရုံမှူး၊ဒုမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များ၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊မဲပေးပုံအဆင့်ဆင့်၊ဆန္ဒမဲရေတွက်မှု၊ဆန္ဒမဲရလဒ်တွက်ချက်မှုနှင့်ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့်အညီ ကျန်းမာရေးဝန် ကြီးဌာန၏လမ်းညွှန်ချက်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် မောတောင်မြို့တိုက်နယ်ဆေးရုံတာဝန်ခံ ဒေါက်တာသီဟအောင်က သင်တန်းဆွေးနွေးပို့ချပေးကြောင်းသိရှိရသည်။
ကျန်းမာရေးဝန်ကြီးဌာန ၏လမ်းညွှန်ချက်နှင့်အညီ လူစုလူဝေးမဖြစ်စေရန် နယ်မြေ(၇)နေ ရာခွဲ၍ မဲရုံမှူး၊ဒုမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များအားသင်တန်းပို့ချရာ၌ မြို့နယ် ပညာရေးမှူးရုံးမှ ခန့်အပ် ရန် ရွေးချယ်ထားသော ပညာရေးဝန်ထမ်းမဲရုံမှူး၊ဒုမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်(တစ်)ဦးစီနှင့် ကျေးရွာအုပ် စုရွေးကောက်ပွဲကော်မရှင်အဖွဲခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်တစ်ဦးစီတို့ကို နယ်မြေအလိုက် သတ်မှတ်ရက်အတိုင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးအောင်၊ အဖွဲ့ဝင်ဦးခင်စိုးတို့က ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်မဲရုံမှူး၊ ဒုမဲရုံမှူးလုပ်ငန်းလမ်းညွှန်ချက်များ အတိုင်းတာဝန်နှင့် လုပ်ပိုင်ခွင့်များ၊မဲပေးပုံအဆင့်ဆင့်၊ ဆန္ဒမဲရေတွက်မှု၊ ရလဒ်တွက်ချက်မှုများ၊ ထုပ်ပိုးပို့ဆောင်ပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလုပ်ငန်းများနှင့်အညီ လိုက်နာဆောင် ရွက်ရမည့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို ဒေါက်တာသီဟအောင် ကဆွေးနွေး ပို့ချပေးခဲ့ကြောင်း၊ ၎င်းနယ်မြေ(၆)၌ မောတောင်မြို့-မြို့မရပ်ကွက်၊အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက်၊ အမှတ်(၉)ကျေးရွာအုပ်စုတို့ရှိ မဲရုံများမှာ မဲရုံမှူး၊ဒုမဲရုံမှူး၊မဲရုံအဖွဲ့ဝင်များအဖြစ် တာဝန် ဆောင်ရွက်ယူကြမည့် ဆရာ/ဆရာမများနှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး၊ တနင်္သာရီမြို့နယ်အတွင်းမဲရုံစုစုပေါင်း (၉၇)ရုံ ရှိကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)