တနင်္သာရီ ဒီဇင်ဘာ ၁၂
၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အထက်တန်း/အလယ်တန်းအဆင့် ကဗျာနှင့်စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်မှစ၍ အ.ထ.က-တနင်္သာရီ ကျောင်းဆောင်သစ်နှင့်သိပ္ပံဆောင်တို့တွင် (၂)နေရာခွဲပြီးပြိုင်ပွဲပြုလုပ်ပေးကြောင်း သိရသည်။
ကဗျာပြိုင်ပွဲတွင် “လွတ်လပ်ရေးအမွေထိန်းသိမ်းစို့လေ” ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့် ကျောင်းသူ/သား (၂၀)ဦးနှင့် အလယ်တန်းအဆင့် (၁၈)ဦးတို့ကလည်းကောင်း၊ စာစီစာကုံးပြိုင်ပွဲတွင်” မိုးသို့လွင့်ပျံ လွတ်လပ်ရေးရဲ့ အသံ” ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့်ကျောင်းသူ/သား(၇)ဦးနှင့် အလယ်တန်းအဆင့်မှ(၃၁)ဦး စုစုပေါင်း (၇၆)ဦးတို့က စိတ်ပါဝင်စားစွာ လာရောက်ပြိုင်ပွဲဝင်ဖြေဆိုကြကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)