မြို့သစ် ဒီဇင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ အနေဖြင့် စားသုံးသူ ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် စားသုံးသူပြည်သူများ သက်သာစွာဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့သစ်မြို့၊ ဥပုသ်စျေး (အခွန်လွတ်စျေး)အတွင်း (အမဲသား၊ ဝက်သား၊ ဆိတ်သား) အသားမျာ အား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဈေးတာဝန်ခံနှင့် အဖွဲ့ဝင်များမှ ကြည့်ရှုခဲ့ပြီး မြို့မဈေးအတွင်းရှိ အသားဆိုင်များ ၌လက်ရှိမြေပြင်တွင် ရောင်းချလျက်ရှိသော (အမဲသား၊ ဝက်သား၊ ဆိတ်သား၊ အသားများ၏ ဈေးနှုန်းများကို ဆိတ်သား တစ်ပိဿာ ၁၆၀၀၀/ကျပ်၊ အမဲသားတစ်ပိဿာ (၁၃၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာ (၁၂၀၀၀)ကျပ် စျေးဖြင့် ရောင်းချရန် အသားအရောင်းဆိုင်များတွင် ဗီနိုင်းဆိုင်းဘုတ်များချိတ်ဆွဲ၍ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)