နတ်မောက်မြို့နယ် ပြည်သူ့ခန်းမနှင့် ဝန်းကျင်သာယာလှပရေး ဆောင်ရွက်

နတ်မောက် ဒီဇင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ ဈေးရပ်ကွက်ရှိ ပြည်သူ့ခန်းမနှင့် ခန်းမဝန်းကျင်သာယာလှပရေးလုပ်ငန်းများကို နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နတ်မောက်မြို့ရှိ မြို့နယ်ပြည်သူ့ခန်းမသည် မြို့နယ်ပြည်သူများ၏ ပါဝင်လှူဒါန်းမှုဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး အစည်းအဝေးများ၊ ဆွေးနွေးပွဲများပြုလုပ်ခြင်း၊ အခမ်းအနားများ ကျင်းပခြင်း၊ ဆွမ်းကျွေးနှင့် မင်္ဂလာဧည့်ခံကျင်းပခြင်းများကို လက်ခံအသုံးပြုခဲ့ကြကြောင်း သိရသည်။

နှစ်ကာလကြာမြင့်လာသည်နှင့်အမျှ ခန်းမအဆောက်အဦးတွင်ပြုပြင်ရန် လိုအပ်ချက်များရှိလာ၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ခန်းမကို ဆေးသုတ်ခြင်း၊ ခန်းမဝန်းကျင်သာယာလှပရေးအတွက် လိုအပ်သည်များဆောင်ရွက်ခြင်းများကို အဖွဲ့ဝန်ထမ်းများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူမူစန်း