ချောက်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ အမျိုးသမီးများစွမ်းပကားမြင့်မားရေး (အင်္ဂလိပ်စာ)သင်တန်း (၁/၂၀၂၃)ဖွင့်ပွဲ ကျင်းပ

ချောက် ဒီဇင်ဘာ ၁၁

မကွေးတိုင်ဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ချောက်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ အမျိုးသမီးများစွမ်းပကားမြင့်မားရေး (အင်္ဂလိပ်စာ)သင်တန်း (၁/၂၀၂၃)ဖွင့်ပွဲကို ယနေ့မွန်းလွဲ ၁နာရီအချိန်က ခရိုင်အစည်းအဝေးခန်းမ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ဝါဝါလှိုင်က မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ ၁၉ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးမှချမှတ်သော ရှေ့လုပ်ငန်းစဥ် ၉ ရပ်ထဲမှ လုပ်ငန်းစဥ် ၂ တွင်ပါဝင်သည့် အင်္ဂလိပ်စာသင်ကြားမှု အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး သင်တန်းသား/သူများအနေဖြင့် ယခုသင်ကြားလိုက်သည့် အင်္ဂလိပ်စာသင်တန်းဖြင့် မိမိလုပ်ငန်းနယ်ပယ်တွင် အထောက်အပံ့ကောင်းများရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းနွမ်ခမ်းခေါင်က သင်တန်းသား/သူများအနေဖြင့် သင်တန်းအား ဂရုတစိုက် လေ့လာသင်ယူမှတ်သား၍ သင်တန်းချိန်မပျက်မကွက် မှန်မှန်တက်ရောက်ကြပါရန်တို့အား ပြောကြားခဲ့သည်။

အဆိုပါ အင်္ဂလိပ်စာသင်တန်းအား အောင်ပြည့်သာပညာရေးစင်တာမှ ဆရာမဒေါ်မွန်မွန်ကိုမှ ၁၁.၁၂.၂၀၂၃ မှ ၂၈.၂.၂၀၂၄ အထိ နေ့စဉ်မွန်းလွဲ ၁ နာရီမှ ၂ နာရီအထိ (၃)လကြာပို့ချမည်ဖြစ်ပြီး ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း သင်တန်းသား/သင်တန်းသူ ၁၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)