ရေတာရှည်မြို့နယ် ရွှေပညာ​မြေ ကိုယ်ပိုင်အထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် မီးဘေးသရုပ်ပြခြင်း ပြုလုပ်

ရေတာရှည် ဒီဇင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ရွှေပညာမြေ ကိုယ်ပိုင်အထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်​ရေးရာအသိပညာပေးဟောပြောခြင်းနှင့် မီးဘေးသရုပ်ပြခြင်းကို ယနေ့ နံနက် (၉း၃၀)အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သော်ဇင်အောင်မှ စာဖတ်စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့ပြီး မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကောင်းထက်နိုင်က မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်အကြောင်း၊ မီးဘေးအန္တရာယ်နှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များ မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုပုံအဆင့်ဆင့်၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအား အသိပညာပေး ပြောကြားခဲ့သည်။

ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ရေးလုပ်ငန်းများအား လက် တွေ့ကျကျ သရုပ်ပြဆောင်ရွက်ရာ ကျောင်းသား/​ကျောင်းသူ (၂၅၀)ဦးခန့် တက်ရောက် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)