ဆိပ်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ပတ္တမြားဈေး မီးဘေးလုံခြုံရေးစစ်ဆေး

ဆိပ်ဖြူ ဒီဇင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ပတ္တမြားဈေးကြီး မီးဘေးအန္တရာယ်ဘေးကင်းလုံးခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းနှင့် လက်တွေ့မီးငြိမ်းသတ်ခြင်း သရုပ်ပြခြင်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်သည်။

အဆိုပါကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များပူးပေါင်း၍ ပတ္တမြားဈေးအတွင်း ရောင်းချလျက်ရှိသော ဒေသခံပြည်သူများ၏ပစ္စည်းများ မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများမဖြစ်ပေါ်စေရန် ရည်ရွယ်၍ မီးဘေးအသိမီးဘေးသတိရှိစေရန် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများ စီမံဆောင်ရွက်ထားရှိမှု၊ လျှပ်စစ်ဝါယာကြိုးများ စနစ်တကျသွယ်တန်းထားရှိမှုတို့ကို စစ်ဆေးခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးက ဈေးသူဈေးသားများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာများ၊ မီးသတ်ဆေးဗူးများ အသုံးပြုပုံနည်းစနစ်များ၊ လက်တွေ့မီးငြိမ်းသတ်နည်းများ ကိုလက်တွေ့ ရှင်းလင်းပြသပေးပြီး၊ မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိက ပတ္တမြားဈေးအတွင်း၌ အရေးပေါ်မီးသတ်ရေကန်များ၊ အရေးအပေါ်မီးငြိမ်းသတ်ရေး စက်ပစ္စည်းများ တပ်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ အများမြင်သာသည့်နေရာများ၌ အသိပေးဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြပေးသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမျိုးဝင်နှင့် တာဝန်ရှိသူများက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ပတ္တမြားဈေးကြီး မီးဘေးလုံခြုံရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ကိုဇွဲ(အညာမြေ)