စလင်းမြို့နယ် ပေါက်လေးပင်ကျေးရွာအုပ်စုအတွင်းရှိ ဆင်ပွတ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်

စလင်း  ဒီဇင်ဘာ  ၁၁

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ၂၀၂၃၊ ၂၀၂၄ ပညာသင်နှစ် ပေါက်လေးပင်ကျေးရွာအုပ်စုအတွင်းရှိ ဆင်ပွတ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍  လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ပေါက်လေးပင်ကျေးရွာအုပ်စုအတွင်းရှိ ဆင်ပွတ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဆင်ပွတ်ကျေးရွာ အခြေခံပညာမူလတန်းတာဝန်ခံ ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးအေးလင်းက ကျောင်းသား/ကျောင်းသူကလေးငယ်များအား လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် လူငယ်နှင့်ပညာရေးအခန်းကဏ္ဍအရေးပါပုံ လူငယ်နှင့်စာပေအကြောင်းအရာများကို ရှင်းလင်းပြောကြားဆွေးနွေးဟောပြောခဲ့သည်၊ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန  တာဝန်ခံဦးဆန်းလင်းမောင်က စားသုံးသူနှင့်ပတ်သက်သော  ကုန်အညွှန်းအမှတ်အသား (၈)ချက်နှင့် ကုန်ပစ္စည်းအမျိုးမျိုးတို့တွင် ဖြစ်တတ်သည့်  မှိုရောဂါများအကြောင်း  စားသုံးရန် မသင့်သည့် ရက်လွန်၊ လလွန် စားသောက်ဖွယ်ရာများနှင့် စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံတို့ကို ပြည့်စုံစွာ ရှင်းလင်းပြောကြားခဲ့သည်၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ တာဝန်ခံကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများနှင့်ကျောင်းသား ကျောင်းသူ စုစုပေါင်း(၈၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်၊ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူကုန်ကူးမှုအန္တရာယ်တိုက်ဖျက်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး  အသိပညာပေးနံရံကပ်စာစောင် ပြသထားရှိမှုအား ကျောင်းသား ကျောင်းသူကလေးများက စိတ်ဝင်တစားကြည့်ရှုခဲ့ကြသည်၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ ပေါက်လေးပင်အုပ်ချုပ်ရေးမှူးဦးဝင်းသိန်းနှင့် တာဝန်ခံကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူ(၈၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

(မောင်လွင်) စလင်း