စလင်းမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာ၌ ဆီထွက်သီးနှံ(၅၂၀၆၄)ဧက စိုက်ပျိုးပြီးစီး

စလင်း ဒီဇင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံစေရန်အတွက် သီးနှံအမျိုးမျိုး စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ၂၀၂၃ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာ၌ တီထွက်သီးနှံစိုက်ဧက (၅၂၀၆၄)စိုက်ပျိုးပြီးစီးကြောင်းကို စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စလင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံဖြစ်သည့် နှမ်းကိုစိုက်ပျိုးရန် ၁၇၁၂၃ ဧကလျာထားပြီး လက်ရှိအချိန်အထိ ၁၅၅၈၁ ဧကစိုက်ပျိုးပြီးစီးကြောင်း သိရသည်။

လင်းမြို့နယ်အတွင်း ဆီထွက်သီးနှံစိုက်ပျိုး တောင်သူများအနေဖြင့် မိမိတို့ဒေသနှင့် ကိုက်ညီပြီး အထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့်ရွေးချယ်၍ စိုက်ပျိုးရာ၌၊ စိုက်နည်းစနစ်မှန်ကန်စေရေး၊ ကွင်းသရုပ်ပြပွဲများနှင့် စိုက်ပျိုးရေးဆိုင်ရာနည်းပညာများနှင့် သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

စလင်းမြို့နယ်တွင် ၂၀၂၃၊ ၂၀၂၄ ခုနှစ်ဆီထွက်သီးနှံ စိုက်ပျိုးရာ၌ မြေပဲလျာထား(၂၄၆၂၇)ဧက၊ နှမ်းလျာထား(၄၃၇၃၂)ဧက၊ နေကြာ(၇၂၂၈)ဧကဖြစ်ပြီး ယနေ့အထိ မြေပဲ(၂၇၈၆၁)ဧက၊ နှမ်း(၂၁၃၉၄)ဧက၊ နေကြာ(၂၈၀၉)ဧက၊ စုစုပေါင်းဆီထွက်သီးနှံစိုက်ဧကပေါင်း (၅၂၀၆၄)ဧက စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

မောင်လွင်(စလင်း)