စေတုတ္တရာမြို့နယ်၌ ပထမအကြိမ် ချင်းရိုးရာကောက်သစ် ဆွမ်းကပ်တရားနာပွဲကျင်းပ

စေတုတ္တရာ ဒီဇင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် တိုင်းဒသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးရုံး၏ ခွင်ပြုရန်ပုံငွေဖြင့်ကျင်းပပြုလုပ်သည့် စေတုတ္တရာမြို့နယ် ချင်းစာပေသင်ကြားရေးနှင့်ယဉ်ကျေးမှုကော်မတီ အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ (မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး)နှင့် ချင်းစာပေနှင့်ယဉ်ကျေးမှုအသင်းတို့က ကြီးမှူးကျင်းပ သည့် ပထမအကြိမ်၊ ချင်းရိုးရာကောက်သစ်ဆွမ်းကပ်ပွဲ (၁၃၈၅ခုနှစ်) တရားနာပွဲကို အမှတ် (၂) ရပ်ကွက် မြကန်သာဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

အဆိုပါ (၃၅) ကြိမ်မြောက် ဆွမ်းနှင့်လှုဖွယ်ဝတ္တူများ ဆက်ကပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်နှင့်အဖွဲ့ဝင်များ၊ ချင်းစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီးမြို့နယ် သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တမဏ္ဍလ (မြကန်သာကျောင်း)၊ အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တသီလာစာရစေတော်ဝင်တောရ အရှေ့ကျောင်းထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ ရွက်ပွားသရဇ္ဇုယ်တော်မှုအပ်သော ပရိတ်တရားတော်များအား နာယူကြပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်းအစရှိသော လှုဖွယ်ဝတ္ထုပစ္စည်း များ ဆက်ကပ်လှုဒါန်းကာ အနုမောဒနာနှင့် ရေစက်ချတရားနာယူခဲ့ကြသည်။

ထို့နောက် ပထမအကြိမ် ချင်းရိုးရာကောက်သစ်ဆွမ်းကပ်တရားနာပွဲသို့ လာရောက်ကြသော ဧည့်ပရိတ်သတ်များအား ထမင်း၊ ဟင်းများဖြင့် ဧည်ခံကြောင်း သတင်းရသည်။

ဝင်းအိမွန်(ပြန်/ဆက်)