နတ်မောက် ဒီဇင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်း ဒေသဝမ်းစာဖူလုံရေးအတွက် နွေရာသီနှင့် မိုးရာသီကာလများတွင် စပါးများကို အားထားစိုက်ပျိုးကြရာ ပ/လက်ခုပ်ပင်ကျေးရွာအုပ်စု၊ စာရံအိုင့်ကျေးရွာရှိ တောင်သူဦးလူလှ၏ ကွင်းအမှတ်(၃၇၆)ရှိ မနောသုခစပါးမျိုး (၀.၁၀)ရှိ မိုးစပါးစံကွက်ရိတ်သိမ်းခဲ့သည်။
အဆိုပါမိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို နတ်မောက်မြို့နယ် ကျောက်တံခါးဆည်ရေသောက် ပ/လက်ခုပ်ပင်ကျေးရွာအုပ်စု စာရံအိုင့်ကျေးရွာကွင်းအမှတ်(၃၇၆)ရှိ တောင်သူဦးလူလှ၏ မိုးစပါးမျိုးဖြစ်သည့် မနောသုခစပါးမျိုး စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကအထွက်နှုန်းအစိုထွက်တင်း (၉၃)တင်း ထွက်ရှိခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နတ်မောက်မြို့နယ် စာရံအိုင့်ကျေးရွာတွင် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းသို့ မြို့နယ်လယ်ယာမြေအသုံးချမှုနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ၊ မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် စိုက်ကြပ်အဖွဲ့ဝင်များနှင့် တောင်သူ(၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း