ဂန့်ဂေါ အောက်တိုဘာ ၂၆
ကိုဗစ် - ၁၉ စီးပွားရေးကုစားမှုအစီအစဉ် CERP အရ ဂန့်ဂေါမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် မိုးရာသီ ဆင်းသုခစပါးမျိုး မျိုးစေ့ထုတ်စိုက်ခင်းများစိုက်ပျိုးထားရာ ဂန့်ဂေါခရိုင် စိုက်ပျိုးရေး ဦးစီး ဌာနနှင့် ဂန့်ဂေါမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများသည် အဆိုပါ စိုက်ခင်း များသို့ အောက်တိုဘာ ၂၅ ရက်က မျိုးကွဲစစ်ဆေးခြင်း နှင့် ပိုးမွှားရောဂါ ကာကွယ် နှိမ်နင်းရေးအတွက် ကင်းထောက်စစ်ဆေးခြင်းလုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက် ကြ ကြောင်း သိရသည်။
ဂန့်ဂေါခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်မျိုးစေ့တာဝန်ခံ ဦးစီးအရာရှိ ဒေါ်သွဲ့သွဲ့ညွန့်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်မျိုးစေ့တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်သီတာစိုး တို့ ပါဝင်သည့် အဖွဲ့သည် ရွှေဘိုကျေးရွာ၊ တောင်ခင်ရန်းကျေးရွာနှင့် နှမ်းခါးကျေးရွာ တို့တွင် လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမြင့်ဇော် ပါဝင် သည့်အဖွဲ့သည် တောင်ယာပြင် ကျေးရွာနှင့် ကန်ကျေးရွာတို့တွင်လည်းကောင်း တောင်သူများ မျိုးကွဲနှုတ် ပယ်ထားသည့် မျိုးစေ့ထုတ်စိုက်ခင်းများ မျိုးကွဲသန့်စင်ခြင်းရှိမရှိ မျိုးကွဲစစ်ဆေးခြင်းနှင့် ပိုးမွှား ရောဂါ ကျရောက်မှု အခြေအနေ ကင်းထောက် စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် တောင်သူများအား မျိုးကွဲနှုတ်ပယ်ခြင်းလုပ်ငန်း အတွက် ဆက်လက်ဆောင်ရွက်ရန် လိုအပ် ချက်များကို အကြံပြုဆွေးနွေး ပညာပေးခဲ့ကြသည်ဟု သိရသည်။
ဂန့်ဂေါမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ မိုးစပါးရာသီတွင် ဆင်းသုခစပါးမျိုးမျိုးစေ့ထုတ်စိုက်ခင်း ၄၆၀ ဧက ကို ကျေးရွာ ၁၀ ရွာတွင် စိုက်ပျိုးထားရာ အပင်ပွားစည်းချိန် ပထမအကြိမ် မျိုးကွဲ နှုတ်ပယ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပြီးစီးပြီးဖြစ်သည်။ ဆက်လက်၍ ဒုတိယအကြိမ်အဖြစ် အနှံစုံချိန် နှင့် တတိယ အကြိမ်အဖြစ် အနှံရင့်မှည့်ချိန်တို့တွင် မျိုးကွဲနှုတ်ပယ်ခြင်းလုပ်ငန်းကို စံချိန်စံညွှန်းကိုက်ညီ သည့် မျိုးသန့်မျိုးစေ့များ ရရှိရေးအတွက် မျိုးစေ့ထုတ်စိုက်ခင်းများအား စဉ်ဆက်မပြတ် ကွင်းဆင်း စစ်ဆေး ပညာပေးဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။
တောင်သားမောင်သန်း