ချောက်မြို့နယ်တွင် ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ အသိပညာပေးဟောပြောပွဲ ကျင်းပ

ချောက် ဒီဇင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော အသိပညာပေးဟောပြောပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမတွင် ယနေ့နံနက် (၉)နာရီအချိန်ကကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင်ဒေါ်ဝါဝါလှိုင်မှ အမျိုးသမီးရေးရာအဖွဲ့၏ ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းဆွေးနွေးခဲ့​ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌဒေါ်နန်းနွမ်ခမ်းခေါင်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်း ၁၅၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)