အုတ်တွင်းမြို့နယ်၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပ

အုတ်တွင်း ဒီဇင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အုတ်တွင်းမြို့ အခြေခံပညာအထက်တန်းကျောင်း ပညာသီရိခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားကို အုတ်တွင်းမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းသီဆို၍ ဖွင့်လှစ်ပေးပြီး ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော ၂၀၂၃  ခုနှစ် ဒီဇင်ဘာ ၇ ရက်နေ့တွင်ကျရောက်သည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီကဖတ်ကြားသည်။

ထို့နောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် အခြေခံပညာအထက်တန်းဆင့်၊ အလယ်တန်းဆင့်နှင့် မူလတန်းဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲဆုရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများချီးမြှင့်ပေးပြီး အုတ်တွင်းမြို့ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်းသီချင်းသီဆို၍ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါအခမ်းအနားသို့တက်ရောက်လာသော မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အုတ်တွင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိက (၁၀၃) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်များခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

အေမင်းရည်စော(ပြန်/ဆက်)