တနင်္သာရီ ဒီဇင်ဘာ ၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူ့စာကြည့် တိုက်အရှေ့ရှိ အသိပညာပေးမြေစိုက်ဘုတ်တွင် ၂၀၂၃ခုနှစ်၊ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်နံရံကပ်စာစောင်များကို ပြည်သူများ လေ့လာသိရှိနိုင်စေရန် ဒီဇင်ဘာလ ၇ ရက်(တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက်နေ့) နံနက်၁၁နာရီအချိန်က ရောင်စုံဗွီနိုင်းများဖြင့် ပြသပေးထားကြောင်း သိရသည်။
အဆိုပါ ပညာပေးဗွီနိုင်းစာ စာစောင်တွင် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကိုသပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသောကျောင်းသားကြီး (၁၁)ဦး၏ အမည်စာရင်းနှင့်အမျိုးဂုဏ်-ဇာတိဂုဏ်-အမျိုးသားရေးစိတ်ဓာတ် အကြောင်းအရာများ၊ ဗြိတိသျှတို့ ပြဋ္ဌာန်းခဲ့သော ကျွန်ပညာရေးယူနီဗာစီတီအက်ဥပဒေတွင်ပါဝင်သည့် အချက်များ၊ မောင်စိမ်းရောင်(လယ်ဝေး)၏ သတိရ နေမြဲကဗျာ၊ မျိုးချစ်စိတ်ဓါတ် ထိန်းသိမ်း အပ်ကိန်းဝပ်ရှင်သန် ဇာတိမာန်ဆောင်ပုဒ်…စသည်တို့ကို ရောင်စုံဓါတ်ပုံများဖြင့် စိတ်ဝင်စား ဖွယ်ပြသပေးထားရာ မည်သူမဆို လာရောက်လေ့လာကြည့်ရှုနိုင်ကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)