စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP)အစီအစဉ်အရ မျိုးစေ့ ထုတ်စိုက်ခင်းများ Field Inspection Campaign ပြုလုပ်

ခန္တီး  အောက်တိုဘာ  ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် အောင်သာယာရွာတွင်  CERP အစီအစဉ်အရ မျိုးစေ့ ထုတ်စိုက်ခင်းများ Field Inspection Campaign ပြုလုပ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက တောင်သူ ဦးတင်ရှိန်၏ ကွင်းအမှတ်- ၄ ၊ စိုက်ဧက(၁)တွင် ပြုလုပ်ခဲ့ကြောင်း သိရ သည်။ 

မျိုးစေ့ထုတ်စိုက်ခင်းများ Field Inspection Campaign ကို ခရိုင်၊ မြို့နယ် စိုက်ပျိုး ရေးဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနများနှင့် တောင်သူများပူးပေါင်း၍ မိုးစပါးမျိုးစေ့ ထုတ်စိုက် ခင်းကို မျိုးကွဲပယ်ခြင်း၊ ပင်ပွား စစ်ဆေးခြင်း၊ ပိုးမွှားကျရောက်မှုကင်းထောက်ခြင်း၊ ကြံ့ခိုင်မှုနှင့် အထွက်နှုန်းတို့ကို ကွင်းဆင်း စစ်ဆေး ခဲ့သည်။

၂၀၁၉-၂၀၂၀ မိုးစပါးစိုက်ပျိုးရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း CERP အစီအစဉ်အရ မိုးစပါး မျိုးစေ့ထုတ်စိုက်ဧက (၁၈၂၀၅) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ထောက်ပံ့ငွေကျပ် (၂၇၂၈၁ ၉၄၅၀၀) သိန်းကျော် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းဝေထံမှ သိရသည်။

စနေမောင်မောင်(ခန္တီး)