သရက် ဒီဇင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ခဲ့သည့် မြို့ရေပေးဂါလံ (၂.၆)သိန်းစံ့ ရေစုကန် အမိုးတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်း လုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၁) နာရီက ဖွင့်လှစ်ခဲ့ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဌာန ဝန်ကြီး၊ မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ တိုင်းဒေသကြီး ဦးစီးမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
အဆိုပါဖွင့်ပွဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးဝင်းက မြို့ရေပေးရေးဂါလံ (၂.၆) သိန်းစံ့ ရေစုကန်အမိုး တည်ဆောက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မြို့ရေပေးရေး (၂.၆) သိန်းစံ့ ရေစုကန်တည်ဆောက်ခြင်းအား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ချိန်၊ မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ တိုင်ဒေသကြီးဦးစီးမှူး ဦးထင်အောင်နှင့် သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလတ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ရေစုကန်နှင့် အမိုးတည်ဆောက်ခြင်း လုပ်ငန်းပြီးစီးမှုအား ကြည်ရှုခဲ့သည်။ ယနေ့ဖွင့်လှစ်သည့် မြို့ရေပေးရေးဂါလံ (၂.၆) သိန်းဆန့် ရေစုကန်အမိုးတည်ဆောက်ခြင်း၊ (၁၀၀ပေ×၁၀၀ပေ×၁၁ပေ) ကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်(၁၇၆.၅၈)သန်းဖြင့် ၂၀၂၃ ခုနှစ် ဩဂုတ်လမှ စတင်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ (၂၈)ရက်နေ့တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးကာ မြို့လူဦးရေ (၂၀၄၈၂) ဦးအတွက် ရေပေးဝေနိုင်သဖြင့် မြို့နေပြည်သူ များ စိတ်ချမ်းမြေ့ရှိလျက်ရှိကြောင်း သိရသည်။ ယခင်က မြို့ရေပေးရေးအတွက် ရတနာမာန်အောင်ပွန်တွန်း ရေတင်စက်နှင့် ဘောဂလလမ်း ပွန်တွန်းရေတင်စက်(၂)ခုဖြင့် မြို့ပေါ်(၈)ရပ်ကွက်သို့ ရေဖြန့်ဝေပေးခဲ့ရာ အလှည်ကျစနစ်ဖြင့် ဆောင်ရွက်ခဲ့ပြီး ရေတိုင်ပေါင်း (၁၁၄၈) တိုင်အား (၂)ရက်(၃)ရက်ခြားသာ ဖြန့်ဝေပေးနိုင်ခဲ့ပြီး ရေပေးဝေရေးပိုမို ကောင်းမွန်စေရေးအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းညွှန်မှုဖြင့် သရက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ရတနာမာန်အောင်ပွန်တွန်းတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဖြည့်စွက်ရန်ပုံငွေဖြင့် ပွန်တွန်းအသစ်တည်ဆောက်ခြင်း (၁၆ပေ×၁၀ပေ × ၅ပေ) ခွင့်ပြုရန်ပုံငွေ (၁၀.၀၀) သန်း (40Hp) မော်တာ KBS(Germany) ရေတင်ပန့် Q 100M3H 40(ETNG100-80-400) (Han Sein Thant) ခွင့်ပြုရန်ပုံငွေ (၁၅.၀၀) သန်း 100 KVA Transformer တည်ဆောက်ခြင်းရန်ပုံငွေ (၃၈.၈၈၉) သန်းနှင့် ၄ လက်မ Dia,G.i ရေလိုင်းအသစ် သွယ်တန်းတပ်ဆင်ခြင်း ခွင့်ပြုရန်ပုံငွေ (၇.၀၀) သန်းတို့ဖြင့် ထပ်မံဆောင်ရွက်ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဂါလံ(၂.၆)သိန်းစံ့ ရေပေးဝေရေးကန်အား အမိုးတည်ဆောက်ခြင်း လုပ်ငန်းတည်ဆောက်ခြင်း (၁၀၀ပေx ၁၀၀ပေx ၁၁ပေ) အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ရေကန်သန့်ရှင်းပြီး မြို့နေပြည်သူများအား ကောင်းမွန်သည့် ရေပေးဝေရေးလုပ်ငန်းအဖြစ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဌာနဝန်ကြီး ဦးအောင်ချိန်နှင့် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ တိုင်းဒေသကြီးဦးစီးမှူး ဦးထင်အောင်တို့သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ ကျွန်းသာယာပန်းခြံအတွင်း ရေကန် (၅) ခုအား မြေသားရေကန် တိုးချဲ့တူးဖော်၍ ရေကန်ဘောင် တင်ခြင်းနှင့် ကန်ပတ်လမ်းပုံဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် ကန်ပတ်လည်လျောက်လမ်းအတွက် မြေနီခင်း၍ စီစဉ်ထားရှိမှုအားကြည့်ရှု၍ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ၏ တင်ပြမှုအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်ဆက်