အောင်လံမြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ပြသ

အောင်လံ ဒီဇင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်ရုံးတွင် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို သိရှိ​စေရန်အတွက် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သတင်းစကားများကို နံရံကပ်ပြဘုတ်တွင် ယမန်နေ့နံနက် (၁၀:၀၀)နာရီအချိန် အောင်လံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊‌ အောင်လံမြို့နယ်ရုံး၌ ပြသခဲ့သည်။ 

ထိုသို့ အသိပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးမျိုးသိန်းမှ ရန်ကုန်ယူနီဗာစတီအက်ကဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦးအကြောင်း လေ့လာကြည်ရှုသည့် လူငယ်များနှင့် ပြည်သူများကို အသိပညာပေးပြောကြားခဲ့သည်။

အဆိုပါ လာရောက်ကြည့်ရှုကြသည့် လူငယ်များက အောင်လံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ အသိပညာပေးနံရံကပ်စာစောင်ပြသ ဆောင်ရွက်ပေးထားမှုများကို စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အောင်လံ(ပြန်/ဆက်)