မြို့သစ် ဒီဇင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် စည်ပင်သာယာစျေးအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းဒေသမှထွက်ရှိသည့် အာလူးများ စျေးအနည်းငယ်ကျဆင်းနေကြောင်း သိရသည်။
အဆိုပါ အောင်ပန်းဒေသထွက်အာလူးများသည် လက်ရှိမြို့သစ်မြို့ စည်ပင်သာယာစျေးအတွင်းသို့ တစ်ရက်ခြောက်ဘီးကားနှစ်စီးဖြင့် သုံးရက်တစ်ခါရောက်ရှိပြီး စျေးနှုန်းမှာလည်း ယခင်ရက်များထက် စျေးအနည်းငယ်ကျဆင်းလာ ကြောင်း၊လက်ရှိတွင်အာလူး တစ်ပိဿာလျှင် (၃၀၀၀) ကျပ် စျေးဝန်းကျင်ရရှိကြောင်း မြို့သစ်မြို့မစျေး ကုန်စိမ်းတန်းက သိရသည်။
လက်ရှိမှာ အာလူးက အောင်ပန်းဒေသကဘဲထွက်ရှိပြီး ဝင်ရောက်တာ၊ အခုတလောကျန်တဲ့ ဒေသကအာလူးတွေက စျေးကွက်အတွင်း ဝင်ရောက်လာတယ်၊ ဒါ့ကြောင့်အာလူးက အဝင်များလာတယ်၊ ပြီးခဲ့တဲ့လပိုင်းက အာလူးစျေး (၃၀၀၀) ကျော်ရသေးတယ်၊ အခုမှ အာလူးစျေးကွက်က အနည်းငယ်ကျဆင်းလာတာဟု ကုန်သည်တစ်ဦးက ပြောသည်။
အဆိုပါ အောင်ပန်းဒေသထွက် အာလူးများသည်လက်ရှိတွင် မြို့သစ်မြို့ စည်ပင်သာယာစျေးကွက်သို့ သုံးရက်တစ်ကြိမ်ဝင်ရောက်လျက်ရှိပြီး အာလူးစျေးကွက်မှာ အနည်းငယ် ကျဆင်းလာကြောင်း သိရသည်။
သန်းဝင်းထွန်း (မြိူ့သစ်)